၂၀၂၄ခုနှစ်တွင် New Western Land-Sea Trade Corridor Rail-sea Intermodal Train ဖြင့် ကုန်သေတ္တာလုံးရေ ၃သိန်းကျော် သယ်ယူပို့ဆောင်ခဲ့ပြီ

(GMT+08:00)2024-05-13 15:01:22  

မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီတွင် အာရပ်စော်ဘွားများနိုင်ငံမှ ပိုလီအီသိုင်လင်း၊ သီရိလင်္ကာနိုင်ငံမှ အုန်းသကြားနှင့် ဗီယက်နမ်နိုင်ငံမှ ဖိနပ် စသည့်ကုန်ပစ္စည်းများကို တင်ဆောင်ထားသည့် New Western Land-Sea Trade Corridor Rail-sea Intermodal Train X9596 သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Qinzhou အရှေ့ဘူတာမှ ချုံချင့်မြို့ Tuanjie ရွာဘူတာသို့ စတင် ခုတ်မောင်းခဲ့ပါသည်။ ၂၀၂၄ခုနှစ် မေလ ၁၂ ရက်နေ့အထိ New Western Land-Sea Trade Corridor Rail-sea Intermodal Train ဖြင့် ကုန်သေတ္တာအလုံးရေ ၃သိန်းကျော် သယ်ယူပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။