တရုတ်ဝန်ကြီးချုပ်သည် ရုရှားဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရသော မစ်ခေး မီရှုစတင် ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-13 14:59:33  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်း သည် မေလ ၁၂ ရက်နေ့က ရုရှား ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရသော မစ်ခေး မီရှုစတင် ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် လီချန်း က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတ ပူတင် တို့၏ မဟာဗျူဟာမြောက်ဦးဆောင်မှုအောက်တွင် ခေတ်သစ် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာလျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ စနစ်တကျ တွန်းအားပေးကာ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုရင်းနှီးလာ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား ထင်သာမြင်သာသော အကျိုးစီးပွားများ ဆောင်ကျဉ်း ပေးလာကြောင်း၊ မိမိအနေဖြင့် အဆွေတော်ဝန်ကြီးချုပ်နှင့်အတူ တရုတ်-ရုရှားဆက်ဆံမှု၏ အနှစ်သာရ ပြည့်ဝစေရန်၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်ဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ဖော်ပြထားပါသည်။