အင်ဒိုနီးရှားတွင် ရေကြီးရေလျှံမှုကြောင့် ချော်ရည်များ(lava flow) စီးဆင်းကာ လူ ၃၇ ဦး သေဆုံး

(GMT+08:00)2024-05-13 15:03:34  

ဒေသစံတော်ချိန် မေလ ၁၁ ရက်နေ့ ညပိုင်းက ဆူမားတြားကျွန်းရှိ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မြေပြိုကျမှုနှင့် ချော်ရည်များ စီးဆင်းမှုစသည့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် လူ ၃၇ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကာ အိမ်ခြေ ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ သတင်းကို ကိုးကား၍ တရုတ်သတင်းဌာနက ရေးသားဖော်ပြပါသည်။