တရုတ် လျှပ်စစ်ကားများသည် လက်တင်အမေရိကဈေးကွက်တွင် လွှမ်းမိုးမှု တိုးလာနေဟု ဂျပန်မီဒီယာဆို

(GMT+08:00)2024-05-13 15:01:48  

လက်တင်အမေရိကဈေးကွက်တွင် တရုတ် လျှပ်စစ် ကားများ၏ လွှမ်းမိုးမှု ဆက်တိုက်တိုးလာနေကြောင်း မေလ ၁၁ရက် နေ့ထုတ် "Nihon Keizai Shimbun" ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ ယခုနှစ် ပထမ၄လအတွင်း ဘရာဇီးဈေးကွက်တွင် တရုတ်လျှပ် စစ်ကား၏ရောင်းချမှုသည် ယမန်နှစ် အလားတူကာလထက် ၇ ဆ တိုးလာခဲ့သည်။

   ဘရာဇီးမော်တော်ယာဉ်ရောင်းချရေးအသင်းချုပ်မှ သက်ဆိုင်ရာအချက်အလက်များအရ တရုတ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများမှ လျှပ်စစ်ကားများနှင့် ပလပ်အင် ဟိုက်ဘရစ် ကားများသည် ဘရာဇီးနိုင်ငံတွင် ပိုမိုရေပန်းစားလာကာ ဘရာဇီး နိုင်ငံတွင် ရောင်းချမှုပမာဏသည် လျင်မြန်စွာ တိုးလာခဲ့ကြောင်း၊ ယခုနှစ်ဇန်နဝါရီလမှ ဧပြီလအထိ ရောင်းချမှု ပမာဏသည်  အစီး၄၈,၀၀၀ဖြစ်၍ ယမန်နှစ် အလားတူကာလထက် အဆ ၇ ဆ တိုးလာကြောင်း သိရပါသည်။