တရုတ်နိုင်ငံသည် Shiyan-23 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-05-12 16:07:59  

မေလ ၁၂ရက်နေ့ နံနက် ၇နာရီ ၄၃မိနစ်က တရုတ်နိုင်ငံသည် ကျိုချွမ်းဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လောင်းမတ်ချ်-4C သယ်ဆောင်ရေးဒုံးပျံဖြင့် Shiyan-23 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ပြီး လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Shiyan-23 ဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စူးစမ်းတိုင်းထွာရန် အဓိက အသုံးပြု ပါသည်။ ယခုအကြိမ် ပျံသန်းမှုသည် လောင်းမတ်ချ် သယ်ဆောင်ရေးဒုံးပျံများ၏ ၅၂၂ ကြိမ် မြောက် ပျံသန်းမှု ဖြစ်ပါသည်။