ရုရှားအစိုးရတွင် ဒုတိယဝန်ကြီးချုပ် ၁၀ဦးရှိသည် ဆိုသည့် သမ္မတအမိန့်ကို ပူတင် လက်မှတ် ရေးထိုး

(GMT+08:00)2024-05-12 16:08:33  

မေလ ၁၁ရက်နေ့က ရုရှားနိုင်ငံသမ္မတ ပူတင်သည် သမ္မတအမိန့်ကို လက်မှတ် ရေးထိုးပြီး ဝန်ကြီးချုပ် Mishustin မှ တင်သွင်းသော အစိုးရအဖွဲ့သစ်မူကြမ်းကို အတည်ပြုခဲ့ကြောင်း ထိုနေ့တွင် ရုရှား ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

ထိုအမိန့်အရ ရုရှားအနာဂတ်အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ကို ဒုတိယဝန်ကြီးချုပ်-၁ တစ်ဦးအပါအဝင် ဒုတိယဝန်ကြီးချုပ် ၁၀ဦးက  ကူညီပေးမည်ဖြစ်ကြောင်း၊ အစိုးရသစ်တွင် ဝန်ကြီးဌာန ၂၁ခုကို ထားရှိပြီး ပြီးခဲ့သည့်အကြိမ် အစိုးရနှင့် တူညီကြောင်း၊ ဥပဒေအရ Mishustin သည် ရုရှားနိုင်ငံတော် Duma လွှတ်တော်ထံသို့ အစိုးရအဖွဲ့သစ်၏ ဝန်ကြီးများ စာရင်းမူကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။