လက်ရေးလှစာရေးပန်းချီတစ်စုံထဲက မိသားစုစိတ်ဓာတ်ဓလေ့လက်ဆင့်ကမ်းမှု

(GMT+08:00)2024-05-12 20:27:52  

ရှီကျင့်ဖိန်ရဲ့မိခင် ချီရှင်းက မင်မင်းဆက်ခေတ်ကနေ ယနေ့တိုင် လက်ဆင့်ကမ်းလာတဲ့ ဧကရာဇ်မင်းကိုပေးတဲ့ သုတ္တံစကားကို အပြည့်အစုံကူးချရေးခဲ့ပါတယ်။ ဒီ ဧကရာဇ်မင်းကိုပေးတဲ့ သုတ္တံစကားမှာ စုစုပေါင်းစာလုံး ၃၆ လုံးရှိပြီး အရာထမ်းအဖြစ်ထမ်းဆောင်ရာမှာ ဘက်မလိုက် ကိုယ်ကျိုးမဖက်ဘဲ ရိုးသား၍ တာဝန်သိတတ်ရမယ်လို့ သတိပေးထားပါတယ်။

မိခင်ဖြစ်သူ ချီရှင်း ကူးချရေးခဲ့တဲ့ “ဧကရာဇ်မင်းကိုပေးတဲ့ သုတ္တံစကား” က စာသားတွေကို ရှီကျင့်ဖိန်က စိတ်ထဲမှာစွဲမြဲစွာမှတ်သားထားပါတယ်။ သူက အရေးကြီးအစည်းအဝေးပွဲတစ်ခုမှာလည်း ဒီသုတ္တံစကားနဲ့ ပါတီဝင်ရဲဘော်ရဲဖက်အားလုံး “တရားမျှတစွာလုပ်ဆောင်မှသာလျှင် အမှားအမှန်ကို ခွဲခြားနိုင်မှာဖြစ်ပြီး ရိုးသားမှသာလျှင် ဂုဏ်သိက္ခာထူနိုင်မှာဖြစ်ပါတယ်” ဟု ဆုံးမခဲ့ပါတယ်။

ရှီကျင့်ဖိန်က “ခေတ်ကဘယ်လိုပြောင်းလဲသွားပါစေ၊ လူနေမှုဘဝအခြေအနေက ဘယ်လိုပြောင်းလဲသွားပါစေ၊ ကျွန်တော်တို့က မိသားစုတည်ဆောက်မှုကို အလေးထားပြီး မိသားစု၊ မိသာားစုသွန်သင်ပြသမှု၊ မိသားစုစိတ်ဓာတ်ဓလေ့ကို အလေးထားရမှာဖြစ်တယ်” လို့ဆိုပါတယ်။