အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၁ ဦးအထိ မြင့်တက်လာ

(GMT+08:00)2024-05-12 14:30:03  

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Subang ခရိုင်တွင် ဘတ်စ်ကားတိမ်းမှောက်မှု ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ မေလ၁၂ ရက်‌နေ့တွင် ထုတ်ပြန်ချက်အရ သိရသည်။ ဒေသစံတော်ချိန် မေလ ၁၁ ရက်နေ့ ညက Subang ခရိုင် တွင် ဘတ်စ်ကားတစ်စီးသည် မောင်းနှင်နေစဉ် တိမ်းမှောက်သွားခဲ့သည်။ အင်ဒိုနီးရှား ယာဉ်ထိန်းဌာန၏ ပဏာမစုံစမ်းစစ်ဆေးမှုအရ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းမှာ ဘရိတ်ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း သိရှိရသည်။