သမ္မတ ရှီကျင့်ဖိန်၏ ဥရောပခရီးစဉ်သည် ငြိမ်းချမ်းရေးသတင်းစကားကို ယူဆောင်လာခဲ့ဟု နိုင်ငံများစွာတို့မှ ပုဂ္ဂိုလ်များ ဖော်ပြ

(GMT+08:00)2024-05-12 16:06:06  

မေလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီ ၃ နိုင်ငံများသို့ တရားဝင်ခရီးလှည့်လည်ခဲ့ပါသည်။ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံများစွာတို့မှ ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန်၏ ဥရောပခရီးစဉ်သည် တရုတ်-ဥရောပဆက်ဆံမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီး ကြောင်း ဖော်ပြခဲ့ကြပါသည်။

ဆားဗီးယားနိုင်ငံ အာရှရေးရာ သုတေသနဌာန ဥက္ကဋ္ဌ Mitrovic က ဆားဗီးယားနိုင်ငံ သည် တရုတ်နိုင်ငံနှင့် ကံကြမ္မာတူအသိုက်အဝန်း အတူတည်ဆောက်ရေးဆိုင်ရာ ပထမဆုံး သော ဥရောပနိုင်ငံဖြစ်လာခြင်းသည် သမ္မတရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်၏ အရေးကြီး အောင်ကျိုးရလဒ်များတွင် တစ်ရပ်အပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘရာဇီးနိုင်ငံတကာဆက်ဆံရေးပညာရှင် Nelson Jobin က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရာ၌ တရုတ်နိုင်ငံ၏ ပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ တရုတ်နိုင်ငံ သမ္မတမှ အဆိုပြုထားသည့် ကမ်းလှမ်းချက်များသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန် အရေးကြီးပြီး ကမ္ဘာ့ငြိမ်းချမ်းရေး အာမခံပေးရန်အတွက် အလွန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။