အကြိမ် ၃၀ မြောက် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို ဂျာကာတာ တွင် ကျင်းပ

(GMT+08:00)2024-05-12 14:26:49  

မေလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကြိမ် ၃၀ မြောက် တရုတ်-အာဆီယံ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sun Weidong နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ အဆင့်မြင့်အရာရှိ ဒေါက်တာခင်သီတာအေး တို့သည် ဆွေးနွေးပွဲကို ပူးတွဲကြီးမှူးကျင်းပခဲ့ရာ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရာရှိများ သို့မဟုတ် ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့သည် ဆွေးနွေးပွဲ သို့ တက်ရောက်ပြီး အရှေ့တီမောနိုင်ငံသည် အာဆီယံလေ့လာသူအဖြစ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
    ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး Sun Weidong က အခြေအနေသစ်တွင် တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးနှင့်အတူ အခွင့်အလမ်းများကို အတူတကွ မျှဝေခံစားပြီး စိန်ခေါ်မှုများနှင့် အတူတကွရင်ဆိုင်ရန်၊ ဒေသတွင်း တည်ငြိမ်ရေးကို လက်တွဲ ကြိုးပမ်းဆောင်ရွက်ပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကုန်းပြင်မြင့်ကို တည်ဆောက်ကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အရှိန်အဟုန် မြှင့်တင်ရန်၊ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရာတွင် အောင်မြင်မှု သစ်များ ရရှိရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    အာဆီယံအဖွဲ့ဝင်နိုင်ငံများက တရုတ်အသွင်ပုံစံခေတ်မီရေး တည်ဆောက်မှု ရလဒ်များ ကို တန်ဖိုးထားချီးကျူးခဲ့ကြပြီး တရုတ်နိုင်ငံနှင့်အတူ ထွန်းသစ်စလုပ်ငန်းများ၊ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံရေး၊ အပြန်အလှန်ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆက်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် အတူတကွစည်ပင်ဝပြောရေး ကာကွယ်ထိန်းသိမ်းရန်အတွက် တက်တက်ကြွကြွအကျိုးပြု စွမ်းဆောင်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ကြပါသည်။