ကန်သည် ဖိလစ်ပိုင်တွင် တာလတ်ပစ်ဒုံးကျည်များ ချထားခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက တုံ့ ပြန်ပြောဆို

(GMT+08:00)2024-05-12 14:27:23  

 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sun Weidong သည် မေလ ၁၀ ရက်နေ့ ညနေပိုင်းက အကြိမ် ၃၀ မြောက် တရုတ်-အာဆီယံအဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။
    မကြာသေးမီက အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံတွင် တာလတ်ပစ်ဒုံးကျည်များ ချထားပြီး ဒေသတွင်း လုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်ခြင်းနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒုတိယဝန်ကြီး Sun Weidong က တရုတ်နိုင်ငံအနေဖြင့် စစ်အေးပုံစံ အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများ ဒေသတွင်း ပြန်လည်ဖြစ်ပွားမှုကို  ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ဒေသတွင်းရှိ နိုင်ငံများကို ဗိုလ်ကျစိုးမိုးရေး၏ ကိရိယာနှင့် ကိုယ်စားလှယ်အဖြစ် အသုံးပြုခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် မိမိအနေဖြင့် တရုတ်နိုင်ငံ၏ လေးနက်သော စိုးရိမ်ပူပန်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံမှ မဟာဗျူဟာလွတ်လပ်ရေး မြှင့်တင်ခြင်းကို ထောက်ခံကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ အတူတကွတိုင်ပင်ဆွေးနွေးပြီး အတူတကွတည်ဆောက်ကာ အတူတကွ မျှဝေခံစားနိုင်သော အာရှတိုက်လုံခြုံရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်း၍ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။