အစဉ်အလာချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး စည်းလုံးညီညွတ်မှုကို မြှင့်တင်ကာ အနာဂတ်ကို ဖွင့်လှစ်ပေးနိုင်သည့် အောင်မြင်သော ခရီးစဉ်

(GMT+08:00)2024-05-11 14:36:05  

    ၂၀၂၄ခုနှစ် မေလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဖိတ်ကြားချက်အရ ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီ ၃နိုင်ငံသို့ ခရီးလှည့်လည်ခဲ့ပါသည်။ အဆိုပါ၃နိုင်ငံခရီးစဉ် ပြီးဆုံးသည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် သမ္မတ ရှီကျင့်ဖိန် ၏ ယခုအကြိမ် ဥရောပ ၃နိုင်ငံ ခရီးစဉ်ကို သတင်းထောက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။

    ဝမ်ယိ က ယခုအကြိမ် ဥရောပ၃နိုင်ငံခရီးစဉ်သည် ဥရောပတိုက်ကို အခြေခံပြီး ကမ္ဘာကို မျက်နှာမူကြောင်း၊ တရုတ်-ပြင်သစ်ဆက်ဆံရေးကို ပိုမိုတည်တံ့ခိုင်မြဲလာစေပြီး တရုတ်-ဆားဗီးယားဆက်ဆံရေးကို ပိုမိုခိုင်မာလာစေကာ တရုတ်-ဟန်ဂေရီဆက်ဆံရေးကို ပိုမို တိုးတက်ကောင်းမွန်လာစေ၍ တရုတ်-ဥရောပပူးပေါင်းဆောင်ရွက်ရေး ပြန်လည်စတင်စေ ကြောင်း၊ အစဉ်အလာချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး အပြန်အလှန်ယုံကြည်မှုကို တိုး ပွားကာ ယုံကြည်စိတ်ကို တိုးမြှင့်၍ အနာဂတ်ကို ဖွင့်လှစ်ပေးနိုင်သော ခရီးစဉ် ဖြစ်ပြီး အလွန် အောင်မြင်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက ပထမအချက်မှာ သံတမန်အဆက်အသွယ် ထားရှိခါစ မူရင်းစိတ်ကို စွဲကိုင် ထားပြီး တရုတ်-ပြင်သစ်ဆက်ဆံရေး အတိတ်ကို အမွေဆက်ခံပြီး အနာဂတ်ကို ဖွင့်လှစ်ပေး ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ သံမဏိချစ်ကြည်ရေးကို လက်ဆင့် ကမ်းပြီး ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန် ခရီးအသစ်ကို စတင်ခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ အစဉ်အလာချစ်ကြည်ရေးကို ပိုမိုခိုင်မာလာစေပြီး တရုတ်-ဟန်ဂေရီဆက်ဆံရေးကို “ရွှေလမ်းကြောင်း” သို့ ပို့ဆောင်ပေး ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ မှန်ကန်သော အမြင်ရှိခြင်းနှင့် တရုတ်-ဥရောပအကြား မိတ်ဖက်ဆက်ဆံရေးဟူသော မှန်ကန်သောအနေအထား ကာကွယ်ထိန်းသိမ်းခြင်း ဖြစ် ကြောင်း၊ ပဉ္စမအချက်မှာ နိုင်ငံကြီး တာဝန်ယူတတ်မှုကို ပြဆိုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တရုတ်နည်းလမ်းများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိ က Madame Diplomacy သည် ယခုအကြိမ် ခရီးစဉ်၏ ထူးခြားချက်တစ်ခု ဖြစ် ကြောင်း၊ ပါမောက္ခ ဖုန်လိယွမ် ၏ ဆွဲဆောင်မှုရှိသော သံတမန်ဆောင်ရွက်ချက်များသည် နိုင်ငံခြားသားများမှ တရုတ်နိုင်ငံအပေါ် ချစ်ခင်ရင်းနှီးမှု တိုးပွားလာစေခြင်း၊ တရုတ်နိုင်ငံ၏ Soft Power မြင့်တင်လာခြင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ကြောင်း ပြောကြားခဲ့ပါသည်။