တရုတ်နှင့် ပြင်သစ်တို့သည် Notre Dame de Parisနှင့် ချင့်ရှီဟွမ် ဂူဗိမာန်ကို ပူးပေါင်း လေ့လာမည်

(GMT+08:00)2024-05-11 14:42:05  

ချင့်ရှီဟွမ် ဂူဗိမာန်ပြတိုက်မှ ထုတ်ပြန်သော သတင်းအရ တရုတ်နှင့် ပြင်သစ်နှစ်နိုင်ငံတို့သည် Notre Dame de Paris နှင့် ချင့်ရှီဟွမ် ဂူဗိမာန်တို့၏ သစ်သားအကြွင်းအကျန်နှင့် မြေအကြွင်းအကျန်များ ကို အတူပူးပေါင်း လေ့လာကြမည် ဖြစ်ကြောင်း သိရှိရ သည်။

တရုတ် ချင့်ရှီဟွမ် ဂူဗိမာန်နှင့် ပြင်သစ် Notre Dame de Paris တို့သည် သစ်သားပစ္စည်း အမြောက်အမြား အသုံးပြုခဲ့ကြပြီး မီးလောင်ထားသော သစ်သားအကြွင်းအကျန်များရှိကြကြောင်း၊ တရုတ်နှင့် ပြင်သစ်နှစ်ဖက်တို့သည် သစ်သားအမျိုးအစားသတ်မှတ်ခြင်း၊ ထိန်းသိမ်းရေးအခြေအနေ အကဲဖြတ်ခြင်း၊ ကာကွယ်ရေးနည်းပညာသုတေသနပြုခြင်းစသည်တို့ကို ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ သိပ္ပံနည်းပညာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လူငယ်လူတော်လူချွန်များကို အတူတကွ ပျိုးထောင် ကြမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။