သမိုင်းဝင် အကောင်းဆုံးသော အချိန်ကာလသို့ ရောက်ရှိနေသည့် တရုတ်-ဟန်ဂေရီ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့နေ

(GMT+08:00)2024-05-11 11:29:24  

 

    ဒေသစံတော်ချိန် မေလ ၉ရက်နေ့က ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် သည် China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ယခုအကြိမ် ဟန်ဂေရီခရီးစဉ်မှာ သမိုင်းဝင်ခရီးစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

    သမ္မတ ရှီကျင့်ဖိန် ၏ ဟန်ဂေရီခရီးစဉ်အတောအတွင်း တရုတ်-ဟန်ဂေရီနှစ်နိုင်ငံ ခေါင်းဆောင်များသည် ပူးတွဲကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာ တရုတ်-ဟန်ဂေရီ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှ ခေတ်သစ် အစဉ်တစိုက် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအထိ မြှင့်တင်ရန် ကြေညာခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ရေးစာတမ်း ၁၀ခု ကျော်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီး အနာဂတ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင် ရွက်ရေးအတွက် တွန်းအားအသစ်များကို ထည့်သွင်းပေးခဲ့ ကြပါသည်။
    ယခုနှစ်သည် တရုတ်-ဟန်ဂေရီနှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် ၇၅ နှစ် ပြည့် မြောက်သည့်နှစ် ဖြစ်ပါသည်။ လွန်ခဲ့သည့် ၇၅ နှစ်အတွင်းတွင် နှစ်နိုင်ငံတို့သည် တန်းတူ ရည်တူဆက်ဆံပြီး အပြန်အလှန်ယုံကြည်ထောက်ခံကာ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးရှိစေခဲ့ရာ ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံရေး ဇာတ်လမ်းများကို ရေးသားခဲ့ကြပါသည်။ တရုတ်-ဟန်ဂေရီ ဆက်ဆံရေးမှာ သမိုင်းဝင်အကောင်းဆုံးသော အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆင့်အတန်းကို တစ်ဆင့်တက်မြှင့်တင်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရကို ပိုမို ကြွယ်ဝလာစေသည်ဟု သက်သေပြနိုင်ခဲ့သည်။

    နှစ်နိုင်ငံအကြားဆက်ဆံရေးကို မည်ကဲ့သို့ မြှင့်တင်ရမည်နည်း။ သမ္မတ ရှီကျင့်ဖိန် က နှစ်ဦးနှစ်ဖက်တို့သည် တစ်ဦး၏ အမြုတေအကျိုးစီးပွားနှင့် အဓိကစိုးရိမ်ပူပန်မှုများကို တစ်ဦးက ဆက်လက်ပြတ်ပြတ်သားသားထောက်ခံရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ချိတ်ဆက်မှုများကို မြှင့်တင်ပြီး သန့်စင်သော စွမ်းအင်၊ AI စသည့် ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဘာသာစကား သင်ကြားပို့ချရေးကို ဆက်လက် ထောက်ခံပြီး လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးများကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းအဆိုပြုချက်များမှာ လာမည့်အချိန်ကာလတစ်ခုအတွင်း တရုတ်-ဟန်ဂေရီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းပြပေးနိုင်မည် ဖြစ်ပါသည်။
    တရုတ်-ဟန်ဂေရီနှစ်နိုင်ငံတို့သည် နိုင်ငံရေးစနစ်မူ မတူညီသော်လည်း မိတ်ကောင်းဆွေကောင်း ဖြစ်ကြပါသည်။ အရေးကြီး သော အကြောင်းရင်းတစ်ခုမှာ နှစ်နိုင်ငံအကြား အဆင့်အတန်းမြင့်မားသော နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ထားရှိခြင်း ဖြစ်ပါသည်။ ဟန်ဂေရီခရီးစဉ်အတောအတွင်း သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီ နိုင်ငံမှ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီ သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ပြတ်ပြတ်သားသား ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံက တရုတ်နိုင်ငံမှ ကိုယ့်နိုင်ငံ၏ အမြုတေ အကျိုး စီးပွားနှင့် တရား မျှတသော အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံ ကြောင်း၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူကို လိုက်နာကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းမှာ နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာလာစေရန်၊ အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် ခိုင်မာသော နိုင်ငံရေးအာမခံပေးနိုင်မည် ဖြစ်ပါသည်။
    တရုတ်-ဟန်ဂေရီနှစ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးရှိစေသော မိတ်ဖက်ကောင်း ဖြစ်ကဲ့သို့ ပြည်သူများအကြား စိတ်နှလုံးသား ချိတ်ဆက်နေသော ဆွေမျိုးကောင်းလည်း ဖြစ်ကြပါသည်။ ယခု တရုတ်-ဟန်ဂေရီဆက်ဆံရေးမှာ အဆင့်ကဏ္ဍသစ်သို့ ရောက်ရှိ လာပြီး နှစ်နိုင်ငံတို့သည် ကိုယ့်နိုင်ငံ၏ ခေတ်မီရေး ဖြစ်စဉ်တွင် ပိုမိုရင်းနှီးစွာ လက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြမည် ဖြစ်ပြီး အတူတကွဖွံ့ဖြိုးတိုးတက်ရေး၊ အတူတကွစည်ပင် သာယာရေး တို့ကို အကောင်အထည်ဖော်ကြမည် ဖြစ်ကာ တရုတ်-အရှေ့အလယ် ဥရောပ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေပြီး ပိုမိုလက်တွေ့ကျ စေမည် ဖြစ်ပါ သည်။ သမိုင်းဝင် အကောင်းဆုံးသောအချိန်ကာလသို့ ရောက်ရှိနေသည့် တရုတ်-ဟန်ဂေရီ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့နေပြီ  ဖြစ်ပါသည်။