တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ဥရောပနိုင်ငံများခရီးစဉ်သည် စံချိန်တင် ဖြန့်ဝေမှု အကျိုးသက်ရောက်မှု ရရှိ

(GMT+08:00)2024-05-11 14:39:42  

     ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် Budapestမြို့သို့ ရောက်ရှိပြီး ဟန်ဂေရီနိုင်ငံတွင် တရားဝင်ခရီးစဉ်ကို စတင်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-ဟန်ဂေရီနှစ်နိုင်ငံဆက်ဆံရေးကို ခေတ်သစ် All-Weather (အစဉ်တစိုက်) ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ရန် ပူးတွဲ ကြေညာခဲ့၍ နှစ်နိုင်ငံဆက်ဆံရေး “ရွှေလမ်းကြောင်း”သို့ ပို့ဆောင်ပေးခဲ့ကြသည်။

    China Media Group သည် ယခုအကြိမ် သမ္မတ ရှီကျင့်ဖိန်၏ ဥရောပနိုင်ငံများခရီးစဉ်ကို ဘာသာ စကား ၈၀ ဖြင့် မီဒီယာများတွင် ဖော်ပြ ခဲ့ပြီး ဘေကျင်းစံတော်ချိန် မေလ ၁၀ ရက်နေ့အထိ China Media Groupမှ ဖြန့်ဝေမှု အကျိုးသက်ရောက်မှုသည် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုများ ရ ရှိခဲ့ပြီး ထုတ်လွှင့် မှု ဒေတာများစွာသည် စံချိန်သစ် တင်ခဲ့ပါသည်။