ရှီကျင့်ဖိန်သည် ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီနိုင်ငံ များသို့ သွားရောက်သည့် တရားဝင် ခရီးစဉ် ပြီးဆုံး ပြီဖြစ်၍ ဘေကျင်းသို့ ပြန်လည်ရောက်ရှိ

(GMT+08:00)2024-05-11 10:50:20  

    မေလ ၁၁ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီနိုင်ငံများ သို့ သွားရောက်ခဲ့သည့်  တရားဝင်ခရီးစဉ် ပြီးဆုံးပြီဖြစ်၍ အထူးလေယာဉ်ဖြင့် ဘေကျင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ ဇနီးဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီရုံးဥက္ကဋ္ဌ  Cai Qi ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် လည်း သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဘေကျင်းသို့ ပြန်လည်ရောက်ရှိလာကြသည်ဟု သတင်း အရ သိရှိရသည်။