ပါလက်စတိုင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်နှင့် ကိုက်ညီပြီး ၎င်းအား ပိုမိုများပြားသောအခွင့်အရေးကို ပေးအပ်မည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင် အတည်ပြု

(GMT+08:00)2024-05-11 14:37:49  

     ဒေသစံတော်ချိန် မေလ ၁၀ရက်နေ့ နံနက်ပိုင်းက နိုင်ငံများစွာ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂအထွေထွေညီလာခံ ဒဿမ အကြိမ်မြောက် အရေးပေါ် အထူး အစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ပါလက်စတိုင်းအား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံမည့်အဆိုပြုချက်ကို စိစစ်ပြီး ပါလက်စတိုင်းအား ပိုမိုများပြားသော အခွင့်အရေးကို ပေးအပ်မည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

    မဲပေးဆုံးဖြတ်ရာတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃နိုင်ငံများသည် ထောက်ခံမဲ ၁၄၃မဲ၊ ကန့်ကွက်မဲ ၉မဲ၊ ကြားနေမဲ ၂၅မဲဖြင့် ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အမေရိကန်၊ အစ္စရေး စသောနိုင်ငံများသည် ကန့်ကွက်မဲပေးခဲ့ကြပါသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ သတ်မှတ်ချက်အရ အဖွဲ့ဝင်နိုင်ငံသစ်ကို လက်ခံရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့ တစ်ချိန်တည်း အတည်ပြုရမည် ဖြစ်ပါသည်။