ရှီကျင့်ဖိန်သည် ဥရောပ ၃နိုင်ငံ ခရီးစဉ်ပြီးဆုံးပြီ ဖြစ်၍အထူးလေယာဉ်ဖြင့် Budapestမှ တရုတ်ပြည်သို့ပြန်လည်ထွက်ခွာ

(GMT+08:00)2024-05-11 00:43:21  

ဒေသစံတော်ချိန် မေလ ၁၀ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဥရောပ ၃နိုင်ငံ ခရီးစဉ်ပြီးဆုံးပြီ ဖြစ်၍အထူးလေယာဉ်ဖြင့် Budapestမှ တရုတ်ပြည်သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးတို့ကို လေဆိပ်တွင် ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ် ပျံသန်းပြီး ဟန်ဂေရီလေတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် ပျံသန်းကာစောင့်ကြပ်ပို့ဆောင်ပေးခဲ့ပါသည်။

လေဆိပ်သို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် ဟန်ဂေရီနိုင်ငံရှိ တရုတ်အနွယ်ဖွားများနှင့် ပညာတော်သင်များသည် လမ်းနှစ်ဘက်တွင် တရုတ်နှင့် ဟန်ဂေရီနိုင်ငံတော်အလံများကို ဝှေ့ယမ်းပြီး “တရုတ်-ဟန်ဂေရီ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ”ဟူသော နဖူးစည်းစာတမ်းများကို ကိုင်ဆောင်ထားကာ သမ္မတ ရှီကျင့်ဖိန်ကို လှိုက်လှိုက်လှဲလှဲ ပို့ဆောင်နှုတ်ဆက်ပြီး ရှီကျင့်ဖိန်၏ ခရီးလှည့်လည်ခြင်းအောင်မြင်ခဲ့သည့် အတွက် ဂုဏ်ပြုကြပါသည်။