ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပါလက်စတိုင်းမှ ဝင်ခွင့်လျှောက်လွှာကို ပြန်လည် စိစစ်ရန် တရုတ်‌ ထောက်ခံ

(GMT+08:00)2024-05-11 14:38:47  

    ဒေသစံတော်ချိန် မေလ ၁၀ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ ဒဿမ အကြိမ်မြောက် အရေးပေါ် အထူး အစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ပါလက်စတိုင်းအား ပိုမိုများပြားသော ကုလသမဂ္ဂအခွင့်အရေးကို ပေးအပ်မည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် “အကျိုးပြုစွမ်းဆောင်နိုင်သောရှုထောင့်”မှနေ ပါလက်စတိုင်းမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂတွင် ပါဝင်ရန် လျှောက်လွှာကို ပြန်လည်စိစစ်ရန် ယင်းဆုံးဖြတ်ချက်တွင် အဆိုပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

    မေလ ၁၀ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် Fu Congက တရုတ်နိုင်ငံသည် ထိုနေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုခဲ့သော သမိုင်းဝင်ဆုံးဖြတ်ချက် ပူးတွဲတင်သွင်းမှုတွင် ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ သည် ယင်းဆုံးဖြတ်ချက်ကို အတည်ပြုရန် ကြိုဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်းမှ ကုလသမဂ္ဂတွင် ပါဝင်မည့် လျှောက်လွှာကို ပြန်လည်စိစစ်ရန် ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။