Mishustin အား ရုရှားအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ရန် သမ္မတအမိန့်ကို ပူတင်က လက်မှတ် ရေးထိုး

(GMT+08:00)2024-05-11 14:40:56  

    

ရုရှားသမ္မတ ပူတင်က သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီး Mishustin အား ရုရှားအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခန့်အပ်ခဲ့သည်ဟု ဒေသစံတော်ချိန် မေလ ၁၀ ရက်နေ့က ရုရှားနိုင်ငံ ကရင်မလင်နန်းတော်မှ ထုတ်ပြန်ခဲ့သော သတင်းအရ သိရပါသည်။ အဆိုပါအမိန့်ကို လက်မှတ် ရေးထိုးသည့်နေ့မှစ၍ အသက်ဝင်ပါသည်။

မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်ဒူးမားလွှတ်တော်မျက်နှာစုံညီအစည်းအဝေးတွင် ထောက်ခံမဲ ၃၇၅ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၅၇ မဲဖြင့် Mishustin အား အစိုးရ၏ ဝန်ကြီးချုပ်သစ် အဖြစ် တာဝန်ထမ်းဆောင်ရန် အတည်ပြုခဲ့ပါသည်။