၁၅နှစ် ကြာပြီးနောက် ပြန်လည် လာရောက်သောအခါ ဟန်ဂေရီ ပြည်သူများ၏ နွေးထွေးဖော်ရွေမှုသည် မိမိကို ချစ်ခင်ရင်းနီးမှု ခံစားစေသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-10 06:50:40  

ဒေသ စံတော်ချိန် မေလ ၉ ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Budapestမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် ဟန်ဂေရီ ဝန်ကြီးချုပ် Orbán Viktorနှင့် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ၁၅ နှစ်ကြာပြီးနောက် ပြန်လည် ရောက်ရှိလာသောအခါ မိမိသည် အထူး ခံစားချက် ၂ ခုရှိကြောင်း၊ ပထမ အချက်မှာ ဟန်ဂေရီနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဘက်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ ဟန်ဂေရီ ပြည်သူများ၏ နွေးထွေးဖော်ရွေမှုသည် မိမိကို ချစ်ခင်ရင်းနီးမှု ခံစားစေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။