သမ္မတ ရှီကျင့်ဖိန်သည် ဆားဗီးယား သမ္မတ Vucic အား “အထူးလက်ဆောင်”ကို ပေးအပ်

(GMT+08:00)2024-05-10 04:14:25  

ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Belgradeရှိ ဆားဗီးယား အစိုးရ အဆောက်အအုံတွင် ဆားဗီးယား သမ္မတ Vucicနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက်  ရှီကျင့်ဖိန်သည် Tian Tan (Temple of Heaven)နှင့် Saint Sava ဘုရားဝတ်ကျောင်း ပုံသဏ္ဍာန်ဖြစ်သော သံမဏိ လက်မှုပစ္စည်းများကို လက်ဆောင်အဖြစ် Vucic အား ပေးအပ်ပြီး ယင်းလက်မှုပစ္စည်း ပြုလုပ်ရန် အသုံးပြုသော သံမဏိမှာ HBIS အုပ်စု Smedelevo သံမဏိစက်ရုံမှ ထုတ်လုပ်သော သံမဏိပင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။