မနေ့က ပန်းများ ဆက်သခဲ့သော မိန်းကလေးသည် လွန်ခဲ့သည့် ၁၅ နှစ်တုန်းက ကျွန်တော့်ကို ပန်းများ ဆက်သခဲ့သော မိန်းကလေးငယ်ပင်ဖြစ်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-10 06:49:54  

ဒေသစံတော်ချိန် မေလ ၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Budapestမြို့ရှိ သမ္မတရုံး၌ ဟန်ဂေရီ သမ္မတ Sulyok နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က ယခုအကြိမ် ခရီးစဉ်အတွင်း စိတ်နှလုံးသား နွေးထွေးစေသော အခိုက်အတန့် တစ်ခုကို ပြောမိခဲ့သည်။ ဒေသစံတော်ချိန် မေလ ၈ ရက်နေ့က သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် Budapest သို့ရောက်ရှိသည့် အချိန်တွင် ဟန်ဂေရီ-တရုတ် ဘာသာနှစ်မျိုးသုံး စာသင်ကျောင်းမှ တက္ကသိုလ် ကျောင်းသူ တစ်ယောက်သည် ရှီကျင့်ဖိန်အား ပန်းများ ဆက်သခဲ့သည်။ သူမသည် ၂၀၀၉ခုနှစ်က ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံ ဒုတိယသမ္မတ အနေနှင့် ဟန်ဂေရီခရီးစဉ်တွင် ၎င်းအား ပန်းများ ဆက်သခဲ့သည့် မိန်းကလေးငယ်ပင်ဖြစ်သည်။