စေ့စပ်ဆွေးနွေးမှုတွင် တိုးတက်မှုအသစ်များ ရရှိရန်အတွက် တရုတ်နိုင်ငံသည် DEPA အဖွဲ့ဝင်များနှင့် တွန်းအားပေးမည်ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-05-10 11:57:11  

ယခုလ ၉ ရက်နေ့က ကျင်းပခဲ့သော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူက မကြာခင်က တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက် (DEPA) တွင် ပါဝင်ရေးဆိုင်ရာ ပဉ္စမအကြိမ် ထိပ်တန်းညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်များ အစည်းအဝေးကို ကျင်းပခဲ့ရာ စေ့စပ်ဆွေးနွေးမှုတွင် တိုးတက်မှု အသစ်များ ရရှိရန်အတွက် တရုတ်နိုင်ငံသည် DEPA အဖွဲ့ဝင်များနှင့် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်  ချီလီ၊ နယူးဇီလန်၊ စင်္ကာပူ၊ တောင်ကိုရီးယားတို့နှင့် DEPAအဖွဲ့တွင် တရုတ်ပါဝင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ် ကိစ္စရပ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ပြောကြားပါသည်။