ရှီကျင့်ဖိန် နှင့် ဟန်ဂေရီ ဝန်ကြီးချုပ် Orbán Viktorတို့သည် သတင်းထောက်များနှင့် အတူတကွ တွေ့ဆုံ

(GMT+08:00)2024-05-10 05:32:17  

ဒေသ စံတော်ချိန် မေလ ၉ ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Budapest ဝန်ကြီးချုပ်ရုံးတွင် ဟန်ဂေရီ ဝန်ကြီးချုပ် Orbán Viktorနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် အတူတကွ တွေ့ဆုံကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၌ တရုတ်နှင့် ဟန်ဂေရီ နှစ်နိုင်ငံတို့သည် အပြန်အလှန် ယုံကြည်ပြီး အပြန်အလှန်  ကူညီကြသည့် မိတ်ဆွေကောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် win-win မိတ်ဖက်ကောင်းများ ဖြစ်သည်ဟု မိမိနှင့် ဝန်ကြီးချုပ် Orbán တို့ အစဉ်တစိုက် ယုံကြည်ကြကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရကို တိုးပွားစေရန် လိုအပ်ကြောင်း၊ ခေတ်သစ် All-Weather ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ကြေညာခဲ့ခြင်းကို အစမှတ်အသစ်အဖြစ် အခြေခံပြီး နှစ်နိုင်ငံ ဆက်ဆံမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ ရောက်ရှိနိုင်ရန်   တွန်းအားပေး လိုကြောင်း အလေးထား ပြောကြားသည်။

Orbán က ဟန်ဂေရီဘက်သည် သမ္မတ ရှီကျင့်ဖိန် ဖော်ပြသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို ထောက်ခံပြီး ယူကရိန်း အကျပ်အတည်း အပါအဝင် ဒေသတွင်း ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို တွန်းအားပေးရန်အတွက် တရုတ်ဘက်မှ တင်ပြသော အဆိုပြုချက်များကို ချီးကျူးပြီး သဘောတူကြောင်း၊ ဟန်ဂေရီ ဘက်သည် ဟန်ဂေရီ-တရုတ် ဆက်ဆံရေးကို တစ်ဆင့်တိုး မြှင့်တင်ပြီး နှစ်နိုင်ငံ ခေတ်မီရေး အကောင်အထည် ဖော်ဆောင်ရန် ဖြစ်စဉ် အသီးသီးတွင် ပြတ်ပြတ်သားသား ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်များ ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း  ပြောကြားသည်။