ရေနေသတ္တဝါ အကောင်ပေါင်း ၁၂၈သန်း လွှတ်ပွဲ ကို တရုတ်-ဗီယက်နမ် ပူးပေါင်းကျင်းပ

(GMT+08:00)2024-05-10 11:56:27  



မေလ ၉ ရက်နေ့တွင် တရုတ်-ဗီယက်နမ် Beibu ပင်လယ်ကွေ့ ငါးဖမ်းလုပ်ငန်း အရင်းအမြစ် မြှင့်တင်ရေးနှင့် ရေနေသတ္တဝါများ လွှတ်ပေးရေးဆိုင်ရာ ပူးတွဲလှုပ်ရှားမှုကို တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Dongxing မြို့ Beilun မြစ်ဝတွင် ကျင်းပခဲ့ပါသည်။
    ယခုအကြိမ်လှုပ်ရှားမှုတွင် Beibu ပင်လယ်ကွေ့သို့ Black Sea Bream ၊ Red Sea B
ream ၊ Penaeus Penicillatus နှင့် Green Mud Crab စသည့် ရေနေသတ္တဝါ အကောင်ပေါင်း ၁၂၈သန်းကို လွှတ်ပေးခဲ့ရာ သမိုင်းစံချိန်သစ်တင်ခဲ့ပါသည်။ ထိုသို့ ငါးလွှတ်ပွဲကို ပူးပေါင်းကျင်းပခြင်းဖြင့် တရုတ်-ဗီယက်နမ် ငါးဖမ်းလုပ်ငန်းများအကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးပြီး ဒေသတွင်းငါးဖမ်းလုပ်ငန်း ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်အတန်းကို အတူတကွ မြှင့်တင်မည် ဖြစ်ပါသည်။