ကန်သည် လက်နက်ထောက်ပံ့မှု ရပ်လိုက်ရင်တောင် အစ္စရေးသည် ရာဖာမြို့အပေါ် တိုက်ခိုက်မှုကို ရပ်စဲမည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို

(GMT+08:00)2024-05-10 11:55:28  

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် က အစ္စရေးနိုင်ငံသည် ရာဖာမြို့ကိုတိုက်ခိုက်ခဲ့သဖြင့်အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်               သည် အစ္စရေး ထံသို့ High Payload ခဲယမ်းမီးကျောက်များ ပို့ဆောင်မှုကို ခေတ္တရပ်စဲရန် ဆုံးဖြတ် လိုက်ကြောင်း မေလ ၈ရက်နေ့က ပြောကြားခဲ့ပါသည်။
    ယင်းနှင့်ပတ်သက်ပြီး မေလ ၉ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေတန်ရာဟု မှ  အမေရိကန်နိုင်ငံသည် လက်နက် ထောက်ပံ့မှု ရပ်လိုက်ရင်တောင် အစ္စရေးနိုင်ငံသည် ရာဖာမြို့အပေါ် တိုက်ခိုက်မှုကို ရပ်စဲမည် မဟုတ်ကြောင်း၊ ယခု အစ္စရေးနိုင်ငံသည် အင်အားပိုမိုတောင့်တင်းလာပြီ ဖြစ် သဖြင့် ထောက်ပ
ံ့ မှုမရှိလည်း တစ်ကိုယ်တည်း စစ်ဆင်တိုက်ခိုက်မည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။