ဖုန်လိယွမ်သည် ဟန်ဂေရီ ဝန်ကြီးချုပ် Orban ၏ ဇနီး Levoy နှင့်အတူ ဟန်ဂေရီနှင့် တရုတ် ဘာသာနှစ်မျိုးသင် စာသင်ကျောင်းကို လေ့လာကြည့်ရှု

(GMT+08:00)2024-05-10 17:33:53  

 


ဒေသစံတော်ချိန် မေလ ၉ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ၏ ဇနီး ဖုန်လိယွမ်နှင့် ဟန်ဂေရီ ဝန်ကြီးချုပ် Orban ၏ ဇနီး Levoy တို့သည် Budapest မြို့ရှိ ဟန်ဂေရီနှင့်တရုတ် ဘာသာနှစ်မျိုးသင် စာသင်ကျောင်း၌ လေ့လာကြည့်ရှုခဲ့ကြပါသည်။

  ဖုန်လိယွမ်တို့ ရောက်ရှိသည့်အခါ Levoy နှင့် ကျောင်းအုပ်ကြီးတို့က နွေးထွေးစွာ ကြိုဆိုပြီး ကျောင်းသားကျောင်းသူများကလည်း  နှစ်နိုင်ငံအလံများကို ကိုင်ဆောင်ပြီး လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။

   ဖုန်လိယွမ်နှင့် Levoy တို့သည် တရုတ်ဘာသာစကားသင်တန်းနှင့် စက္ကူညှပ်၊ လက်ရေးလှ စသည့် တရုတ်ရိုးရာ ယဉ်ကျေးမှု သင်တန်းများကို စိတ်ဝင်စားစွာ လေ့လာ ကြည့်ရှုပြီး ကျောင်းသားကျောင်းသူများနှင့် ခင်မင်ရင်းနှီးစွာ စကားပြောဆိုခဲ့ကြသည်။ ဖုန်လိယွမ်က ကျောင်းသားကျောင်းသူများအား တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကြိုးကြိုးစားစား သင်ယူရန်၊ အခွင့်ကြုံလျှင် တရုတ်နိုင်ငံသို့ လာလည် သို့မဟုတ် ပညာသင်ယူရန်၊ တရုတ်-ဟန်ဂေရီ ချစ်ကြည်ရေးကို ဆက်ခံ တိုးမြှင့်ရန်အတွက် အကျိုးပြုသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

  ဖုန်လိယွမ်နှင့် Levoy တို့သည် စာသင်ကျောင်း၏ အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးရေး သမိုင်းဆိုင်ရာ ဗီဒီယို၊ ကျောင်းသားကျောင်းသူများ၏ ကပြဖျော်ဖြေမှု၊ ကဗျာ ရွတ်ဆိုမှု၊ သံပြိုင်သီချင်းသီဆိုမှုတွေကိုလည်း အတူကြည့်ရှုခဲ့ကြပါသည်။ ဖုန်လိယွမ်သည် စာသင်ကျောင်းအား တရုတ်ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များလည်း လှူဒါန်းခဲ့ပါသည်။