ထိုင်ဝမ်မှာတစ်ခုခုဖြစ်ရင် ဂျပန်မှာတစ်ခုခုဖြစ်သွားတယ်ဟူသော ပြောဆိုချက်ကို လှုံ့ဆော်ခြင်းသည် သိသာထင်ရှားစွာလွဲမှားနေသည့်တွက်ချက်မှု ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-05-10 12:00:07  

မေလ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ လိုက်ချင်းတယ်က ထိုင်ဝမ်နှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် မျှော်လင့်ကြောင်း၊ ထိုင်ဝမ်မှာတစ်ခုခုဖြစ်ရင် ဂျပန်မှာတစ်ခုခုဖြစ်သွားသလို ဂျပန်မှာ တစ်ခုခုဖြစ်ရင်လည်း ထိုင်ဝမ်မှာ တစ်ခုခုဖြစ်သွားတယ်လို့ ပြောကြားခဲ့ခြင်းကို တရုတ် နိုင်ငံရဲ့ မှတ်ချက်က ဘယ်လိုလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

Lin Jian က ဂျပန်မှ လူအချို့သည် မကောင်းသော ရည်ရွယ်ချက် ရှိပြီး ထိုင်ဝမ်မှာ တစ်ခုခုဖြစ်ရင် ဂျပန်မှာ တစ်ခုခုဖြစ်သွားတယ်ဆိုသည့် ပြောဆိုချက်ကိုလှုံ့ဆော်ကာ ယင်းတွက်ချက်မှုသည် သိသာထင်ရှားစွာ မှားယွင်းကြောင်း၊ မင်ကျင့်တန်ပါတီ အာဏာပိုင်များက ယင်းပြောဆိုချက်မျိုးကို ထပ်မံလှုံ့ဆော်ခြင်းသည် ဂျပန်ကို ချော့မော့ပြီး ထိုင်ဝမ်ကို သစ္စာဖောက်ခြင်း၏ အရင်းခံ ယုတ္တိကို နောက်ထပ်တစ်ကြိမ်ဖော်ထုတ်ခဲ့ကြောင်း၊ထိုင်ဝမ်သီးခြားတည်ရှိရေး နှင့် ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကြီးမားဆုံး အဖျက်သဘောဆောင်သည့် အချက်ဖြစ်သည်ဟု လူအများကို ထပ်မံသတိပေးထားကြောင်း ပြောကြားပါသည်။