တရုတ်နိုင်ငံသည် လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-05-10 11:58:28  

မကြာမီက အမေရိကန်သည် "ရုရှား၏ စစ်ရေးစက်မှုလုပ်ငန်းနှင့် စွမ်းအင် တိုးတက်မှုကို ထောက်ခံသည်ဟု သံသယ ရှိသည့်" အကြောင်းပြချက်ဖြင့် တရုတ်ပြည်မကြီးနှင့် တရုတ် ဟောင်ကောင်၌ တည်ရှိသော ကုမ္ပဏီ ၂၀ အပါအဝင် စီးပွားရေးအုပ်စုနှင့် လူပုဂ္ဂိုလ် ၃၀၀ နီးပါးအား အရေးယူ ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟိုယာ့တုန်းက တရုတ်နိုင်ငံသည် လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း မေလ ၉ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

   ဟိုယာ့တုန်းက အမေရိကန်သည် ကိုယ်ကျိုးစီးပွားနှင့် ကိုက်ညီသော ရုရှားနှင့် ကုန်သွယ်မှုကို ထိန်းသိမ်းထားသည့် တစ်ချိန်တည်းတွင် ရုရှားနှင့် ဆက်စပ်ခြင်း ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီများအား အရေးယူပိတ်ဆို့မှု ပြုလုပ်ခြင်းသည် စံတင်လောက်သော တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးရေးနှင့် စီးပွားရေး အကျပ်ကိုင် ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ယင်းကို မိမိတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။