အမေရိကန် အနေနှင့် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ဆန္ဒ မရှိ ဟူသော ကတိပြုချက်ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရန် မျှော်လင့်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-05-10 11:58:59  

မေလ ၉ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ပထမ ဒုဒါရိုက်တာချုပ် Gopinat ၏ တရုတ်နှင့် အမေရိကန်အကြား ဆွေးနွေးမှု တိုးမြှင့်ရေးဆိုင်ရာ ပြောကြားချက်နှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က အမေရိကန် အနေနှင့် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ဆန္ဒ မရှိ ဟူသော ကတိပြုချက်ကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်ရန်၊ တရုတ်နှင့် အမေရိကန် ဆက်ဆံမှု တိုးတက်ရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို လက်တွေ့ကျကျ ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။