ရာဖာမြို့သည် ဆေးဘက်ဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး တစ်ခုတည်းသော ဆေးရုံပိတ်ပစ်တော့မည်

(GMT+08:00)2024-05-10 12:00:43  

အစ္စရေးစစ်တပ်သည် ဒေသစံတော်ချိန် ရက်နေ့ညပိုင်းက ရာဖာမြို့ကို ထိုးစစ်ဆင်ခဲ့ရာမှ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ထပ်မံပြင်းထန်လာခဲ့သည်။ အထူးသဖြင့် ရာဖာ ဂိတ်ကို အစ္စရေးစစ်တပ်မှ သိမ်းပိုက်လိုက်ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေကာ ရာဖာ ဆေးရုံများ၏ ဆေးဝါးနှင့် ပစ္စည်းသိုလောင်မှုများ ပြတ်တောက်လုနီးပါးဖြစ်ခဲ့ရသည်။ ဤအခြေအနေတွင် ရာဖာ ရှိနောက်ဆုံးဆေးရုံတစ်ခုသည်မကြာမီ ပိတ်ပစ်နိုင်သည့်အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။