စန်းကျန့်အွန်လိုင်းဝန်ဆောင်မှုပလက်ဖောင်းရဲ့ဘာသာစကားပေါင်းစုံဝန်ဆောင်မှု တိုးချဲ့ကာ နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင် အဆင့်တိုးမြှင့်

(GMT+08:00)2024-05-10 13:31:48  

ဘာသာစကား ၉ မျိုးကို ခလုတ်တစ်ချက်ဖြင့် ပြောင်းလဲနိုင်ပြီး နိုင်ငံခြားသားများကို စန်းကျန့်မြို့ အကြောင်းနားလည်စေပါတယ်။ လက်တလောရက်အနည်းငယ်မှာ အစိုးရဝန်ဆောင်မှုနဲ့ အများပြည်သူ ဝန်ဆောင်မှုတို့ကို နိုင်ငံတကာသုံးဖြစ်စေရေးနဲ့ ပတ်သက်ပြီး “iShenzhen” အက်ပလီကေးရှင်းကို ဘက် ပေါင်းစုံ အဆင့်မြှင့်တင်ရေးလုပ်ခဲ့ပြီး အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ အာရပ်၊ စပိန်၊ ရုရှား၊ ဂျာမနီ၊ ပေါ်တူဂီ အစရှိတဲ့ နိုင်ငံခြားဘာသာစကား ဝန်ဆောင်မှုချန်နယ် ၉ ခု ဖွင့်လှစ်ခဲ့ပါတယ်။