ရှီကျင့်ဖိန်သည် ဟန်ဂေရီဝန်ကြီးချုပ် ကျင်းပသော ဂုဏ်ပြုနှုတ်ဆက်ပွဲသို့ တက်ရောက်

(GMT+08:00)2024-05-10 22:14:32  

ဒေသစံတော်ချိန် မေလ ၁၀ ရက်နေ့နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်လိယွမ်တို့သည် Budapest ၌ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Viktor Orban နှင့် ဇနီးတို့ ကျင်းပသော နှုတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဇနီးများသည် Budapest မြို့၏ ရှုခင်းကို အတူတကွ လှမ်းကြည့်ခဲ့ကြပါသည်။

Viktor Orban က Budapest မြို့၏ သမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအပြောင်းအလဲနှင့် အလားအလာများကို ရှီကျင့်ဖိန်အား မိတ်ဆက်ပေးခဲ့ပါသည်။ ၎င်းက တရုတ်လုပ်ငန်း ကုပ္မဏီများသည် ဟန်ဂေရီနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြတည်ဆောက်မှု အတွက် အရေးပါသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ဟန်ဂေရီနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ နေထိုင်မှုဘဝ မြှင့်တင်ရေး အထောက်အကူပြုရန်အတွက် ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုများပြားစွာ ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုများပြားသည့် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာများကို သွင်းယူရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုအကြိမ်ခရီးစဉ် အချိန်တိုသော်လည်း ကျွန်တော်တို့သည် အပြည့်အဝ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ပြီး အရေးကြီးသော သဘောတူညီမှုများစွာကို ရရှိခဲ့ကြကြောင်း၊ ကျွန်တော်တို့သည် ခေတ်သစ် All-Weather ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မကြုံစဖူးသော အဆင့်သစ်သို့ မြှင့်တင်ရန် တွန်းအားပေးခဲ့ကြကြောင်း၊ ကျွန်တော်က အနာဂတ်တွင် တရုတ်-ဟန်ဂေရီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်မှု အပြည့်အဝ ရှိ ကြောင်း ပြောကြားခဲ့ပါသည်။