ရှီကျင့်ဖိန်သည် လေယာဉ်မှဆင်းလာ၊ ဟန်ဂေရီဝန်ကြီးချုပ် Orbanနှင့်ဇနီးတို့သည် လေဆိပ်တွင် ကြိုဆို

(GMT+08:00)2024-05-09 10:42:06  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဟန်ဂေရီသမ္မတ Sulyok နှင့် ဝန်ကြီးချုပ် Orban တို့၏ ဖိတ်ကြားချက်အရ ဟန်ဂေရီနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ညတွင် အထူးလေယာဉ်ဖြင့် Budapest မြို့သို့ ရောက်ရှိခဲ့ပါသည်။

ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် Budapest သို့ ရောက်ရှိခဲ့သည့်အခါ ဟန်ဂေရီဝန်ကြီးချုပ် Orbanနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးSzijjarto စသည့်အဆင့်မြင့်အရှာရှိများသည် လေဆိပ်၌နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။