ဖုန်လိယွမ်သည် ဟန်ဂေရီ သမ္မတ Sulyok Tamás၏ ဇနီး နာဂီနှင့် အတူ Budavári palotaသို့ လည်ပတ်ကြည့်ရှု

(GMT+08:00)2024-05-09 21:04:49  

ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ဖိတ်ကြားချက်အရ Budapest၌ ဟန်ဂေရီ သမ္မတ Sulyok Tamás၏ ဇနီး နာဂီနှင့် အတူ Budavári palotaသို့ လည်ပတ်ကြည့်ရှုပြီး လက်ဖက်ရည် သောက်ကာ ရင်းနှီးစွာ စကားပြောကြသည်။

ဖုန်လိယွမ်က တရုတ်နှင့် ဟန်ဂေရီ နှစ်နိုင်ငံတို့၏ ယဉ်ကျေးမှုများသည် တူညီမှုများစွာ ရှိပြီး နှစ်နိုင်ငံ ပြည်သူများ အကြား ကြီးမားနက်နဲသည့် ခင်မင်ရင်းနှီးမှု ရှိကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးသည် ခိုင်မာသည့် အခြေခံ အုတ်မြစ် ရှိကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး စဉ်ဆက်မပြတ် လက်ဆင့်ကမ်းပြီး အချိန်ကြာမြင့်လေလေ ခိုင်ခံ့လေလေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။