သမ္မတ ရှီကျင့်ဖိန်၏ ဟန်ဂေရီ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ် ဖြစ်သည်ဟု ဝန်ကြီးချုပ် Orbán Viktorဆို

(GMT+08:00)2024-05-09 20:38:27  

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ဟန်ဂေရီ နိုင်ငံတွင် တရားဝင် ခရီးလှည့်လည် နေစဉ်တွင် ဟန်ဂေရီ ဝန်ကြီးချုပ် Orbán Viktorသည် ဒေသ စံတော်ချိန် မေလ ၉ရက်နေ့ နေ့လယ်ပိုင်းတွင် Budapest၌ China Media Group “LEADERS TALK” အစီအစဉ်မှ သီးသန့် အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့ပါသည်။ Orbán Viktorသည် လွန်ခဲ့သည့် နှစ်များတွင် သမ္မတ ရှီကျင်းဖိန်နှင့် ပေါင်းသင်းဆက်ဆံခဲ့သည့် အကြောင်းများကို ပြန်လည်မှတ်မိပြီး သမ္မတ ရှီကျင့်ဖိန်၏ လာရောက်ခရီးလှည့်လည်ခြင်း အတွက် ဝမ်းသာမိကြောင်း ဖော်ပြသည့် အပြင်၊ ယခုအကြိမ် ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။