ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်

(GMT+08:00)2024-05-09 14:25:53  

ဒေသစံတော်ချိန် မေလ ၈ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အထူး လေယာဉ်ဖြင့် ဘူဒါပက်မြို့သို့ ရောက်ရှိပြီး ဟန်ဂေရီခရီးစဉ်ကို စတင်ခဲ့ပါသည်။ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် နှင့် ဇနီးတို့သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ကို လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြပါသည်။
    သမ္မတ ရှီကျင့်ဖိန် သည် ဝန်ကြီးချုပ် ဗစ်တာအော်ဘန် နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ဟန်ဂေရီနှစ်နိုင်ငံအကြား ချစ်ကြည်ရေး အစဉ်အလာမှာ ရှေးပဝေသဏီမှစပြီး တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီနိုင်ငံနှင့် အပြန်အလှန် ယုံကြည်အားကိုးပြီး ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် အကျိုးရှိစေသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဆက်လက်ပြုလုပ်ရန်၊ တရုတ်- ဟန်ဂေရီဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ်မြှင့်တင်ပြီး တရုတ်-ဟန်ဂေရီ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။