ဟန်ဂေရီနိုင်ငံ Budapest အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ မိန့်ခွန်း

(GMT+08:00)2024-05-09 04:22:24  

သမ္မတ ရှယွတ်ခ်နှင့် ဝန်ကြီးချုပ် အော်ဘန်တို့၏ ဖိတ်ကြားချက် အရ လှပသော ဟန်ဂေရီနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက်ရခြင်းအတွက် များစွာ ဝမ်းမြောက်မိ ပါသည်။ တရုတ်အစိုးရနှင့် ပြည်သူတို့ကိုယ်စား ဟန်ဂေရီအစိုးရနှင့် ဟန်ဂေရီပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သပြီး ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

တရုတ်နှင့် ဟန်ဂေရီတို့သည် အပြန်အလှန် ယုံကြည်မှုရှိသော မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ဟန်ဂေရီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အစောဆုံး အသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေး ထားရှိသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် နှစ်နိုင်ငံ အကြား မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမိတ်ဖက်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း နှစ်ဘက်စလုံးသည် ရင်းနှီးသော အဆင့်မြင့်ဖလှယ်မှုများကို ဆက်လက်ထိန်းသိမ်းထားပြီး အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် တိုးမြှင့်ခဲ့သည်။

ယခုနှစ်သည် တရုတ်နှင့် ဟန်ဂေရီနိုင်ငံ အကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသော အခွင့်ကောင်းကို ဖော်ဆောင်လျက်ရှိသည်။ သမ္မတ ရှယွတ်ခ်၊ ဝန်ကြီးချုပ် အော်ဘန် စသည့် ဟန်ဂေရီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းကြီးသစ်ကို ပူးတွဲရေးဆွဲချမှတ်ကာ တရုတ်-ဟန်ဂေရီဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိစေနိုင်အောင် ဆောင်ရွက် ရန်  မျှော်လင့်ပါသည်။