ခရီးဝေးကို အတူတူလျှောက်လှမ်းကြပါစို့။ တရုတ်-ဟန်ဂေရီ သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည့် ၇၅နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အတွက် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအခမ်းအနားကို Budapest၌ ကျင်းပ

(GMT+08:00)2024-05-09 11:33:08  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဟန်ဂေရီနိုင်ငံ၌ တရားဝင်ခရီးလှည့်လည် နေသည့်အခါသမယတွင် ဒေသစံတော်ချိန် မေလ ၈ရက်နေ့က China Media Groupသည် ဟန်ဂေရီမီဒီယာဖောင်‌ဒေးရှင်းနှင့်အတူ Budapest၌ “တရုတ်-ဟန်ဂေရီချစ်ကြည်ရေး စာမျက်နှာသစ်ကို ဆက်လက်ရေးသား”ဟူသော တရုတ်-ဟန်ဂေရီ သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည့် ၇၅နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အတွက် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအခမ်းအနားကို ပူးတွဲကျင်းပခဲ့ရာ “တရုတ်နိုင်ငံ၏ အခွင့်အလမ်းများ”ကို Budapest၌ ထုတ်လွှင့်ရေး နှင့် မှတ်တမ်းရုပ်ရှင်များ ပူးတွဲရိုက်ကူးရေး ဆိုင်ရာ လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပြီး ဟန်ဂေရီ Liszt Ferenc Academy of Musicနှင့် ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယင်းအခမ်းအနားသို့  ဟန်ဂေရီ သမ္မတဟောင်း Schmitt တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း Medgyessyက ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong ၊ ဟန်ဂေရီမီဒီယာဖောင်‌ဒေးရှင်း ဒါရိုက်တာချုပ် Papp နှင့် ဟန်ဂေရီ နိုင်ငံခြားရေးနှင့်နိုင်ငံခြားစီးပွားကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်အတွင်းရေးမှူး Illés တို့လည်း အမှာစကား အသီးသီးပြောကြားခဲ့ ကြပါသည်။