အမေရိကန် တက္ကသိုလ်ကျောင်းတစ်ကျောင်းမှ ပါလက်စတိုင်းကို ထောက်ခံဆန္ဒပြသူ ၃၀ နီးပါး အဖမ်းခံရ

(GMT+08:00)2024-05-09 14:22:20  

ဒေသစံတော်ချိန် မေလ ၈ရက်နေ့က အမေရိကန် NBC၏ သတင်းအရ အမေရိကန်ရဲဌာနသည် ထိုနေ့အစောပိုင်းတွင် ဂျော့ဝါရှင်တန်တက္ကသိုလ် ရှိ ပါလက်စတိုင်းအားထောက်ခံသော ဆန္ဒပြသူများ၏ စခန်းကို စတင်ရှင်းလင်းခဲ့ပြီး လူ ၃၀ နီးပါး ဖမ်းဆီးခဲ့ကြောင်း၊ နံနက် ၃ နာရီ မိနစ်၃၀ခန့်တွင် ကျောင်းမှ ဆန္ဒပြသူများအား ထွက်ခွာရန် နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသည့်ဆန္ဒပြသူအားလုံးကို ဖမ်းဆီးမည်ဖြစ် ကြောင်း၊ တက္ကသိုလ်မှာ ဆန္ဒပြသော ကျောင်းသားကျောင်းသူများကို ကျောင်းမှ ထုတ်ပယ်ခြင်း အပြစ်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။