ယခုအချိန်သည် သံမဏိ ချစ်ကြည်ရေး မြှင့်တင်ရန် အကောင်းဆုံးသော အချိန်ပင် ဖြစ်သည်

(GMT+08:00)2024-05-09 16:59:33  

သံမဏိ ချစ်ကြည်ရေး ဟူသော ဝေါဟာရကို ပြောတော့ လူအများစုသည် တရုတ်နှင့် ဆားဗီးယား ချစ်ကြည်ရေးကို သဘာဝကျကျ တွေးတောမိပါသည်။

   ယနေ့မှာ သမိုင်း၏ အစသစ် နေရာ၌ ရပ်တည်လျက် သံမဏိ ချစ်ကြည်ရေးကို မည်သို့ တိုးမြှင့်မည်နည်း။ မေလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်နိုင်ငံ သမ္မတ ရှီကျင်ဖိန်က ဆားဗီးယား ခရီးစဉ်အတွင်း အဖြေပေးလိုက်ပါသည်။

   လွန်ခဲ့သည့် ၈ နှစ်တုန်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆားဗီးယားနိုင်ငံသို့ ခရီး လှည့်လည်ခဲ့စဉ်က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် နှစ်ဖက်ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုအကြိမ် ခရီးစဉ်တွင်လည်း နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-ဆားဗီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို နက်ရှိုင်း တိုးမြင့်စေပြီး ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဆားဗီးယားနိုင်ငံသည် ပထမဦးဆုံးသော တရုတ်နိုင်ငံနှင့် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ထောင်သော ဥရောပနိုင်ငံ ဖြစ်ပါသည်။

   ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်းကို မည်သို့ တည်ထောင် မည်နည်း။ သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံ ဆက်ဆံရေး၏ မဟာဗျူဟာ ဖြစ်ခြင်းကို အလေးထားရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၏ လက်တွေ့ကျခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ ဆန်းသစ်ခြင်းကို ထွန်းကားစေရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ယင်းသည် သံမဏိ ချစ်ကြည်ရေး မြင့်တင်ခြင်းအတွက် ဦးတည်ချက်ကို ညွှန်ပြထားပါသည်။

   တရုတ်နှင့် ဆားဗီးယား အနာဂတ် ဆက်ဆံရေးတွင် အပြန်အလှန် လေးစားခြင်းသည် အခြေခံ ဖြစ်မြဲ ဖြစ်နေပါသည်။ သမ္မတ ရှီကျင့်ဖိန်က နှစ်ဦးနှစ်ဖက်တို့သည် ပြတ်ပြတ်သားသား အပြန်အလှန် အားပေးထောက်ခံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ နိုင်ငံရေးလုံခြုံမှုနှင့် အရင်းခံ အကျိုးစီးပွားများကို ကောင်းမွန်စွာ ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဆိုပြုချက်များသည် နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာအောင် တွန်းအားပေးသွားမည် ဖြစ်ပါသည်။

   တရုတ်-ဆားဗီးယား သံမဏိ ချစ်ကြည်ရေးသည် နိုင်ငံတကာ အခြေအနေပြောင်းလဲ စမ်းသပ်မှုများကို ဖြတ်ကျော်ပြီး ယခုအချိန်သည် မြှင့်တင်ရန် အကောင်းဆုံးသော အချိန်ပင် ဖြစ်သည်။ သံမဏိ ချစ်ကြည်ရေးကို မြှင့်တင်လိုက်ခြင်းဖြင့် နှစ်နိုင်ငံစလုံး၏ ခေတ်မီရေးဖြစ်စဉ်ကို အားကောင်းစွာ တွန်းအားပေးမည် ဖြစ်ပါသည်။ သံမဏိ ချစ်ကြည်ရေးသည် ခေတ်သစ်တွင် ပိုမို ရှင်သန်သွားမည် ဖြစ်ကြောင်း  China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။