အမေရိကန်လက်နက်တွေကြောင့် ဂါဇာဒေသမှအရပ်သားတွေ သေဆုံးခဲ့သည်ဟု Biden ဝန်ခံ

(GMT+08:00)2024-05-09 14:24:31  

 အမေရိကန်CNNမှ ဒေသစံတော်ချိန် မေလ ၈ရက်နေ့က သတင်းထုတ်ပြန်ချက်အရ အမေရိကန်သမ္မတ Bidenက အစ္စရေးဝန်ကြီးချုပ် Netanyahuသည် ဂါဇာဒေသ တောင်ဘက်စွန်း Rafahမြို့ကို အကြီးစားထိုးစစ်တိုက်ခိုက်ရန် အမိန့်ပေးလျှင် အမေရိကန်နိုင်ငံသည်  အစ္စရေးနိုင်ငံအား ဗုံးများနှင့်အမြောက်ကျည်များပေးပို့ခြင်း ရပ်စဲမည် မဟုတ်ကြောင်း ပထမအကြိမ်ပြောကြားခဲ့ကြောင်းသိရပါသည်။ ထို့အပြင် Bidenက အမေရိကန်နိုင်ငံမှ ပေးပို့သော လက်နက်များကြောင့် ဂါဇာဒေသရှိအရပ်သားများ သေဆုံးရခြင်းဖြစ်ကြောင်း လည်းဝန်ခံခဲ့သည်။