အနာဂတ်ကို မျက်နှာမူပြီး တရုတ်-ပြင်သစ်ပူးပေါင်းဆောင်ရွက်ရေးခေတ်သစ်ကို လက်တွဲ ဖန်တီး

(GMT+08:00)2024-05-08 01:11:28  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Marigny ပြဇာတ်ရုံ၌ ကျင်းပသည့် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ပိတ်ပွဲအခမ်းအနား ကျင်းပပြီးနောက် China Media Group မှ သတင်းထောက်သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် တရုတ်နှင့် ပြင်သစ်လုပ်ငန်းရှင်အချို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။