တရုတ်နိုင်ငံက ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ခြင်း ထောက်ခံရန် ပထမ အဆင့်ကာလ၏ ဆောင်ရွက်ချက် ခြောက်ခုကို ရှီကျင့်ဖိန်ကြေညာ

(GMT+08:00)2024-05-08 20:45:29  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဆားဗီးယား သမ္မတ Vucicနှင့်အတူ   သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ တရုတ်နိုင်ငံက ခေတ်သစ်တွင်  တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း ထောက်ခံရန် ပထမအဆင့်ကာလ၏ ဆောင်ရွက်ချက် ခြောက်ခုကို ကြေညာခဲ့ကြောင်း သိရပါသည်။

၁။ နှစ်ဘက်စလုံး၏ အတူတကွ ကြိုးပမ်းမှုဖြင့် တရုတ်-ဆားဗီးယား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်သည် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်အသက်ဝင်မည်ဖြစ်သည်။

၂။ တရုတ်နိုင်ငံသည် ၂၀၂၇ခုနှစ် Professional World Expoကို လက်ခံကျင်းပရန် ဆားဗီးယားအား ထောက်ခံပြီး  ပြပွဲတွင် ပါဝင်ပြသရန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည် ဖြစ်ကာ သက်ဆိုင်ရာ ဆောက်လုပ်ရေး ပရောဂျက်များတွင် ပါဝင်ရန် တရုတ်ကုမ္ပဏီများအား အားပေးသည်။

၃။ တရုတ်နိုင်ငံသည် ဆားဗီးယားလက္ခဏာများပါရှိသည့် အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များကို တိုးချဲ့တင်သွင်းလိုသည်။

၄။ တရုတ်နိုင်ငံသည် လာမည့်သုံးနှစ်အတွင်း ဆားဗီးယားလူငယ်သိပ္ပံပညာရှင်အယောက် ၅၀ကို သိပ္ပံ သုတေသန ကူးလူးဖလှယ်ရေး ပြုလုပ်ရန် တရုတ်နိုင်ငံသို့ လာရောက်ရန် ထောက်ခံမည်ဖြစ်သည်။

၅။ တရုတ်နိုင်ငံသည် လာမည့်သုံးနှစ်အတွင်း တရုတ်တွင် ပညာသင်ကြားရန် ဆားဗီးယား လူငယ် ပညာတော်သင် အယောက် ၃၀၀ ကို ဖိတ်ကြားမည်ဖြစ်သည်။

၆။ တရုတ်နိုင်ငံသည် ဆားဗီးယားက Belgradeမှ Shanghaiသို့ တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ်ရန် ကြိုဆိုပြီး Belgradeမှ Guangzhouသို့ တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်ရန် နှစ်နိုင်ငံလေကြောင်း ပို့ဆောင်ရေးကုမ္ပဏီများအား အားပေးပါသည်။