ရှီကျင့်ဖိန်၏ ဆောင်းပါးကို ဟန်ဂေရီနိုင်ငံ မီဒီယာတွင် ဖော်ပြ

(GMT+08:00)2024-05-08 14:32:54  

 မေလ ၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ "တရုတ်နှင့် ဟန်ဂေရီ ဆက်ဆံရေး ရွှေရောင် လမ်းကြောင်းသို့ ဝင်ရောက်ရန် လက်တွဲ ဦးဆောင်လမ်းပြခြင်း" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဟန်ဂေရီနိုင်ငံ "ဟန်ဂေရီ အမျိုးသားသတင်းစာ"တွင် ဖော်ပြခဲ့ပါသည်။

   ယင်းဆောင်းပါးတွင် ယခုနှစ်သည် တရုတ်နှင့် ဟန်ဂေရီ သံအဆက်အသွယ် ထားရှိခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နှင့် ဟန်ဂေရီ နှစ်နိုင်ငံတို့သည် စိတ်ရင်းစေတနာ အပြန်အလှန် ထားရှိသော မိတ်ဆွေကောင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်ကောင်း၊ အပြန်အလှန် သင်ယူလေ့လာသော မိတ်ဆွေကောင်း အစဉ်တစိုက် ဖြစ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အပြန်အလှန် လေးစားပြီး တန်းတူရည်တူ အပြန်အလှန် သဘောထားကာ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေ၍ ပြောင်းလဲမှု များပြားသော နိုင်ငံတကာ အခြေအနေတွင် မိုးကြီး လေပြင်းနှင့် ဗိုလ်ကျမှုများကို မကြောက်ဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကိုယ်ပိုင် ဆုံးဖြတ် ပြဌာန်းသည့် ချစ်ကြည်ရေး ဆက်ဆံမှု လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းလာကြကြောင်း၊ နှစ်ဖက်အကြား အရည်အချင်းမြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို ထားရှိပြီး နှစ်ဖက် ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးသော အချိန်ကာလသို့ ဝင်ရောက်လာကြောင်း ဖော်ပြထားပါသည်။

  မျက်မှောက်အချိန်တွင် တရုတ်နှင့် ဟန်ဂေရီနှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသည့် အချိန်အခါတွင် တည်ရှိနေကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် ဟန်ဂေရီနှင့် ချစ်ကြည်ရေ အစဉ်အလာကို ဆက်ခံပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်ဖက်အကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ မြှင့်တင်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖန်၏ ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။