ပူတင်သည် ရုရှားဖက်ဒရေးရှင်းမှ အဋ္ဌမမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆို

(GMT+08:00)2024-05-08 11:07:52  

ဒေသစံတော်ချိန် မေလ ၇ ရက်နေ့က  ပူတင်သည် ရုရှားဖက်ဒရေးရှင်းမှ အဋ္ဌမမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပူတင်က မိန့်ခွန်း ပြောကြားခဲ့ရာ ရုရှား တစ်ပြည်လုံးမှ ပြည်သူများ၏ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အနောက်တိုင်းနို်ငငံများနှင့် မဟာဗျူဟာဆွေးနွေးမှုနှင့်ပတ်သက်၍ အနောက်တိုင်းနိုင်ငံများနှင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ပြုလုပ်နိုင်သော်လည်း တန်းတူညီမျှမှုအပေါ် အခြေခံ၍  ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်သူများ၏ ယုံကြည်မှုကို မပျက်ပြားအောင် အစွမ်းကုန် ကြိုးစား သွားမည်ဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့ သည်။