“ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ” (နိုင်ငံတကာဗားရှင်း) ကို ဆားဗီးယားတွင် ထုတ်လွှင့်ပြသ

(GMT+08:00)2024-05-08 01:21:59  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ဆားဗီးယားနိုင်ငံသို့ ခရီးလှည့်လည်တော့မည့် အခါသမယတွင် China Media Group မှ ထုတ်လုပ်သော “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” ရုပ်သံအစီအစဉ် (နိုင်ငံတကာဗားရှင်း) ထုတ်လွှင့်ပြသပွဲ အခမ်းအနားကို ဒေသစံတော်ချိန် မေလ ၇ ရက်နေ့က ဆားဗီးယားနိုင်ငံ ဘဲဂရိတ်မြို့တော်၌ ကျင်းပခဲ့ပါသည်။ ဆားဗီးယားနိုင်ငံသမ္မတ Vucic သည် အခမ်းအနားတွင် ဗီဒီယို အမှာစကား ပြောကြားခဲ့ရာ အစီအစဉ်ကို ဆီးဗီးယားနိုင်ငံတွင် ထုတ်လွှင့်ပြသမှုအပေါ် ဂုဏ်ပြု ထောပနာပြုခဲ့ပါသည်။