ရှီကျင့်ဖိန်သည် ဆားဗီးယားသမ္မတ Vucic ကျင်းပသည့် တည်ခင်းဧည့်ခံပွဲကို တက်ရောက်

(GMT+08:00)2024-05-08 22:58:18  

ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဆားဗီးယားသမ္မတ Vucic နှင့် ဇနီးတို့က ဘဲဂရိတ်မြို့ရှိ ဆားဗီးယား National Assembly၌ ကျင်းပသည့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။ ရှီကျင့်ဖိန်က ဆုတောင်းစကားများကို ပြောကြားခဲ့ပါသည်။

သမ္မတ Vucic၏ ဦးဆောင်မှုဖြင့် ဆားဗီးယားအစိုးရနှင့် ပြည်သူများသည် အားထုတ်ကြိုးပမ်းပြီး စီးပွားရေးနှင့် လူမှုတည်ဆောက်ရေး၊ လူမှုဘဝကောင်းမွန်စေရေးနယ်ပယ်များတွင် အောင်မြင်မှုများ ရရှိ၍ အမျိုးသား ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် ဂုဏ်သိက္ခာ စဉ်ဆက်မပြတ် တိုးမြင့်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ရှင်သန်မှုသည် ကျယ်ပြန့်ကောင်းမွန်သော ရှေ့အလား အလာ ရရှိကြောင်း၊ မကြာခင် နှစ်များတွင် တရုတ်နှင့် ဆားဗီးယားနှစ်နိုင်ငံတို့သည် အရှိန်အဟုန်ပြင်းပြင်းနှင့်  “Belt and Road” အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ပြီး အသီးအပွင့်ရလဒ်များစွာ ရရှိကာ လူသား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ခြင်း၏  သက်ဝင်လှုပ်ရှားသော လက်တွေ့ဖော်ဆောင်မှု ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်-ဆားဗီးယား ဆက်ဆံရေးသည် တမူဆန်းသစ်သော အစသစ်တွင် ရပ်တည်နေပြီး အဖိုးတန်သော အခွင့်အလမ်းများနှင့် တောက်ပသော အလားအလာများ ရှိကြောင်း၊ တရုတ်ပြည်အနေနှင့် ချစ်ကြည်ရင်းနှီးသော ဆားဗီးယားပြည်သူများနှင့်အတူ ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေးအတွက် ဆက်လက် ကြိုးပမ်းအားထုတ်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားပါသည်။