အမေရိကန်မှ လူပေါင်း ၁၃ သန်းနီးပါး ပြင်းထန်သော ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရ

(GMT+08:00)2024-05-08 11:07:30  

ဒေသစံတော်ချိန် မေလ ၇ ရက်နေ့က အမေရိကန် မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ အမေရိကန် အင်ဒီယားနား၊ ကင်တပ်ကီနှင့် အိုဟိုင်းယိုး ပြည်နယ်များရှိ လူ ၁၃ သန်းနီးပါးတို့သည် မုန်တိုင်း ကြောင့် ပြင်းထန်သော ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရသည်။ ယင်းမတိုင်မီက အိုကလာ ဟိုးမားတွင် လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် လူတစ်ဦးသေဆုံးခဲ့သည်။ 

အမေရိကန် အမျိုးသား မိုးလေဝသဌာန၏ အစီရင်ခံစာအရ ၆ ရက်နေ့ညက အိုကလာ ဟိုးမား ပြည် နယ် ပေါင်စတော် မြို့ငယ်လေးတွင် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၀၀၀ ခန့်ရှိသော အဆိုပါမြို့ငယ်လေးတစ်မြို့လုံး ပြိုကျပျက်စီး လုနီးပါးဖြစ်ခဲ့ကြောင်း သိရ သည်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရာရှိပြီး ရေကြီးမှုအန္တရာယ်နှင့်လည်း ကြုံတွေ့ရနိုင် ကြောင်း သတင်းအရ သိရပါသည်။ မေလ၇ ရက်နေ့တွင် အီလီနိုအီနှင့် တန်နာဆယ် ပြည်နယ် များမှ လူ ၁၆ သန်းခန့်တို့သည် အနည်းငယ် ပြင်းထန်သော ရာသီဥတုအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း သတင်းအရ သိရှိရသည်။